by Moethagyar on Sunday, September 21, 2008
အင်တာဗျုး နှင်. ပက်သက်တာလေးတွေ ရှယ်ချင်ပါတယ်.....
အလုပ်တစ်ခု ရဖို့ဆိုရင် ဖြတ်ကျော်ရမှာက အင်တာဗျူးပါ။ အင်တာနက်မှာ Interview tips ဆိုပြီး googling လုပ်လိုက်တာနဲ့ ဖတ်စရာတွေ အများကြီး ထွက်လာပါမယ်။ ကူးတင် လုပ်ပေးတာထက် ကျွန်တော့် အတွေ့အကြုံများ ကို ရှယ်ချင်ပါတယ် .. အခြားလူများလည်း အင်တာဗျူး အတွေ့အကြုံ တွေ ၀င်ပြောပေးကြပါအုံး ...
အင်တာဗျူးသွားမယ်ဆိုရင် ပြင်ဆင်သွားဖို့ လိုပါတယ်။ စာမေးပွဲ ဖြေမှာလို ပြင်ဆင်သွားနိုင်ရင် အကောင်းဆုံးပါပဲ ..
အဲဒီလို ပြင်ဆင်မသွားရင် ရုတ်တရက် မေးခွန်းတွေထည်းမှာ ကြောင်တောင်တောင် ဖြစ်သွားနိုင်လို့ပါ ..
အင်တာဗျူးတော်တော် များများမှာ မေးတတ်တဲ့ Common Interview Question တွေကို အရင်စဉ်းစားကြည့်ပါမယ်..
1.Tell me about yourself
ဒီမေးခွန်းမေးလိုက်တာနဲ့ သင့်ကို သင်လျှောက်တဲ့ အလုပ်နှင့် သင်ရဲ့ စွမ်းရည် ဘယ်လောက် ကိုက်တယ်။ သင်ဘယ် လိုလုပ်နိုင်တယ် ဆိုတာကို ပြောဖို့ လမ်းဖွင့်ပေးတာပါ။ သင်ဘယ်မှာ မွေးတယ်..ဘာညာတွေကို အင်တာဗျူးယာတွေ စိတ်ဝင်စားလေ့ မရှိပါဘူး.. ဒီမေးခွန်းကို ကိုယ့်ရဲ့လုပ်ငန်း အတွေ့အကြုံပေါ်မူတည်ပြီး လက်ရှိလျှောက်တဲ့ အလုပ်နဲ့ ပတ်သက်တာတွေကို ဆွယ်ပြီးပြောဖို့ အရေးကြီးပါတယ် ..
ကျွန်တော်ရဲ့ ပထမဆုံး အဂ်လိပ်လို အင်တာဗျူးက ရန်ကုန်က ပြင်သစ်ရေနံ ကုမ္ပဏီပါ .. နယ်က တက်လာတဲ့ ကျွန်တော် ဘာမှ ပြင်ဆင်ထားခြင်း မရှိသလို .. Standard interview question ဆိုတာလည်း ကြားတောင် မကြားဘူးပါဘူး ။ ပြင်ဆင်မထားတော့ နဂိုက Fluent မဖြစ်တဲ့ အဂ်လိပ် စကားပြောဟာ ထော့ကြိုး၊ထော့ကြိုး ဖြစ်သွားပါတယ်။ မေးတဲ့ ဖော်ရိန်နာက Could you tell me about yourself? ဆိုတာနဲ့ ကျွန်တော်လည်း အထစ်ထစ် အငေါ့ငေါ့နဲ့ ကျွန်တော့ နံမည် ဘယ်သူပါ။ ဘယ်မှာနေပါတယ် ..(မျိုးကျော့မြိုင် သီချင်း မဟုတ်ပါ) ဘယ်နှစ်ခုနှစ်မှာ ကျောင်းပြီးတယ်..အဲဒါတွေပြောတော့တာပဲ .. ကျောင်းပြီး ပြီးချင်းဆိုတော့ အလုပ်အတွေ့အကြုံက မရှိသေးပါဘူး ..
2.What is your strong points?
တော်တော်ကြောင်တဲ့ မေးခွန်းပါ။ ဒါပေမယ့် တကယ်မေးတတ်ပါတယ်။
အဲဒီ အင်တာဗျူးမှာ ..What is your strong point? ဆိုတဲ့ မေးခွန်းကို ဖြေရင်း ဖော်ရိန်နာနဲ့ကျွန်တော် စကားတွေ များကုန်ပါတယ်.. မောင်အက် တို့ တုံးပုံများ ..
မျှော်လင့်မထားတဲ့ အဲဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေရမှန်း မသိပါဘူး။ ဒါနဲ့ Intelligence လို့ ရွှေညာဏ်တော် စူးရောက်ပြီး ဖြေတာ ဗျူးတဲ့လူက အမြင်ကတ်သွားပြီး Chase ပါလေရောဗျား ..
What is your strong point? ဆိုတဲ့ မေးခွန်းကို ဖြေရင် သိထားရမှာက တစ်ခါတလေ အင်တာဗျူးတဲ့သူရဲ့ Follow up မေးခွန်းတွေပါ။ ကိုယ်က ကိုယ့်ကိုကို ပြဿနာ ဖြေရှင်းတာ ကောင်းတယ် လို့ဖြေမယ် စိတ်ကူးရင် ဘယ်တုံးက ဘယ်လိုခက်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းခဲ့ တယ်ဆိုတဲ့ ဥပမာ တစ်ခု ကြိုစဉ်းစားထားရပါမယ်..
နောက်တစ်ခု ပါးနပ်တဲ့ အင်တာဗျူးသူဟာ သူမေးတယ့်သူကို ဘယ်တော့မှ ဂျောင်ပိတ် မမေးဘူး.. တစ်ခုခုကိုမေးလို့ ဖြေတဲ့သူက မဖြေနိုင်ရင် အဲဒီဘက်ကို သူဆက်မမေးတော့ဘူး။ ကြိုတင်ပြင်ဆင်မှုဟာ အင်တာဗျူးမှာ အလွန်ကို အရေးကြီးပါတယ် .. ဖြစ်ချင်တော့ ကျွန်တော့ ပထမဆုံး အတွေ့အကြုံမှာ ဗျူးတဲ့သူကလည်း မပါးနပ်တဲ့လူ ဖြစ်နေတော့ ကျွန်တော်ကို ဂျောင်ပိတ်ပြီး မေးတော့တာပဲ .. အဲဒီလို မေးတော့ စိတ်တိုလာပြီး စကားတွေ များခဲ့ပါတယ်။ အဂ်လိပ်လို Fluent သာ မဖြစ်သေးတာ စကားတော့ များတတ်သား ..အလုပ်ရ မရ ကတော့ နှစ်ပတ်တောင် စောင့်စရာမလိုဘူး ချက်ချင်းကို သိခဲ့ တာပေါ့ .. 
3.What are your weak points?
Common interview question ထည်းမှာ ထည့်ထားပေမယ့် ယနေ့အထိ ဘယ်သူမှ မေးတာ မကြုံဖူးသေးပါ။
တကယ်လို့ မေးလာခဲ့ရင် သတိထားရမှာက Weakness မရှိဘူးလို့ မဖြေမိ ဖို့ပါ။ No body is perfect. Weakness ကို ဖြေမယ်ဆိုရင် နှစ်မျိုး ရွေးလို့ ရပါတယ်။ Professional weakness နဲ့ Personal weakness ပါ။ Professional weakness ဆိုရင် အခုလျှောက်တဲ့ အလုပ်ရဲ့ အရေးမကြီးတဲ့ အပိုင်းမှာ hands-on experience နည်းနေသေးကြောင်း ပြောလို့ရသလို၊ Personal အတွက်ကျတော့ အခုချိန်ထိ Body weight ထိမ်းဖို့ Dieting လုပ်တာ weight မချနိုင်သေးတာမျိုး အရေးမကြီးတာလေးတွေ ရွေးပြောပေါ့ ..
4.Why did you leave your last job? or Why do you want to leave your current job?
အလုပ်အတွေ့အကြုံ ရှိရင် သေခြာပေါက် မေးမယ့် မေးခွန်းပါ။ အရေးကြီးတာက ..
ယခင် အလုပ်နဲ့ပတ်သက်တာကို မကောင်းတာ မပြောမိဖို့၊ မန်နေဂျာ ကို အပြစ်တင် ညိုငြင်စကား Negative effect ထွက်မယ့် စကားမှန်သမျှ ရှောင်ရပါမယ်။ အခုလက်ရှိ လျှောက်တဲ့ ကုမ္ပဏီ မှာ အရမ်းကို အလုပ်လုပ်ချင်ကြောင်း ပေါ်လွင်အောင် ပြောသင့်တယ် .. ဟုတ်သည်ရှိ မဟုတ်သည်ရှိ သည်လိုအပြောတွေက လို ပါတယ်။
နောက်ထပ် အလွန်အရေးကြီးတယ့် အချက်က အင်တာဗျူးမယ့်လူရဲ့ စိတ်နေ သဘောထားကို ခန့်မှန်းတာပါ။ ပုံမှန် အင်တာဗျူးတစ်ခုမှာ လူသုံးယောက် သို့မဟုတ် နှစ်ယောက် ဗျူးလေ့ရှိပါတယ်။ တစ်ယောက်က HR manager ဖြစ်နေတတ်ပြီး တခြားနှစ်ယောက်က သက်ဆိုင်ရာ Professional ထည်းက မန်နေဂျာ သို့မဟုတ် စီနီယာ လယ်ဗယ် ထည်းက ဖြစ်တတ်ပါတယ်။ မေးတယ့် အခါမှာလည်း တစ်ယောက်က စကားများများ ပြောပြီးမေးလေ့ရှိပါတယ်..
အဲဒီလို ပြောပြီ ဆိုတာနဲ့ တတ်နိုင်သလောက် အကဲဖြတ်ပါ။ သူဟာ ဆောင့်ကြွားကြွား နဲ့ လေကြီးမိုးကြီး ပြောတယ့်လူလား ..Technically strong ဖြစ်ပြီး ကိုယ့်ကို Shoot မယ့်သူလား .. Sincerely ရိုးရိုးသားသား ပြောတာကို ကြိုက်တဲ့သူလား ကိုယ့်ဖက်က အကြမ်းဖြင်း ခန့်မှန်းနိုင်ရပါမယ်..
Sincere ဖြစ်တဲ့လူကို စကားကြီး၊စကားကျယ် တွေပြောလို့ မကိုက်သလို လေကြီးတဲ့သူဆိုရင်လည်း သူ့လို စကားများများ ပြောတာ ကောင်းပါတယ်။ Technical savvy ဖြစ်ရင် သူဖွင့်ပေးတယ့် မေးတယ့် မေးခွန်းလေးတွေကို အလိုက်အထိုက် ကြိုးစားဖြေပါ။
တစ်ခါက Singtel မှာ အင်တာဗျူးသွားတာ ဗျူးတာက HR manager နဲ့ Technical Manager ဗျူးပါတယ်။ ကျွန်တော်က အဲဒီ Technical manager ကို ရိုးရိုး အင်ဂျင်နီယာ မှတ်ပြီး သူ့လေကို လိုက်ဖောပါတယ် .. တစ်လုံးသိ နှစ်လုံးသိ သိတာလေးတွေကို မမေးပဲ ပြောမိတော့ ဆက်တိုက် Follow up လုပ်ပြီး Shoot တာ တော်တော် ချွေးပြန်ခဲ့ ဖူးပါတယ်။
အဲ..ဒါပေမယ့် .. ညှာတာတက်တဲ့ သူနဲ့တွေ့လို့ကတော့ jargon လို့ခေါ်တဲ့ မိမိ လိုက်စားတဲ့ Field က technical term တွေ တက်နိုင်သလောက် ပါအောင် ပြောကို ပြောသင့်ပါတယ်.. အဓိက အင်တာဗျူးရာက Follow up တအားလိုက်မလုပ်ရင် HR manager က ကိုယ့်ကို အထင်တွေကြီးပြီး ရဖို့ Chance ပိုများပါတယ်..
ကောင်းတာက အင်တာဗျူးမစခင် ဗျူးမယ့်သူနဲ့ မိတ်ဆက်စကား ပြောဖို့ပါ.. ကိုယ့်ကို ဗျူးမယ့်လူရဲ့ Position ကိုသိရင် ဖြေရတာ ပိုလွယ်ပါတယ် ...
Offshore support interview တစ်ခု သွားခဲ့တုန်းကဆိုရင် နှစ်ယောက်လုံးက Admin ဘက်ကချည်းပဲ၊ တစ်ယောက်က အဖြူကောင်၊ တစ်ယောက်က HR manager အမျိုးသမီး .. သိလည်းသိရော ကျွန်တော်လည်း Jargon တွေ များများ ထည့်ပြောတာ တော်တော်ကို အဆင်ပြေပါတယ်.. သူတို့ကောင်းကောင်း မသိဘူးလေ.. ဖောလို့ကောင်းတာပေါ့ ..
အခုလက်ရှိ အလုပ်က မန်နေဂျာနဲ့ ခင်သွားတော့ သူ့ကို အင်တာဗျူးတဲ့လူ ဘာတွေ လိုချင်လည်း မေးတော့ သူက ဒီလို ဖြေပါတယ်....
1. Resume ထည်းမှာ ရေးသမျှ မှန်သလား ဆန်းစစ်ပါတယ်။ ဆိုလိုတာက ကိုယ့် Resume မှာ ထည့်ရေးသမျှ အလုပ်အတွေ့အကြုံနေနေ၊ Ability နေနေ၊ ထည့်ရေးသမျှ မေးရင် အတော်အသင့် ပြောနိုင်၊ မပြောနိုင် စစ်သည်။
2. ယခု ဗျူးတဲ့ အလုပ်မှာ ဒီနေ့ခန့် ဒီနေ့ အရေးကြီးတာတွေ မလုပ်ရပေမယ့် အလုပ်နဲ့ ပတ်သက်တဲ့ အခြေခံ တွေသိမသိ မေးပါသည်။
3. စိတ်ဓာတ် ကိုဆန်းစစ်ပါသည်။ ယခုအလုပ်အတွက် စိတ်အားထက်သန်မှုရှိမရှိ၊ လက်ရှိ professional field မှာ passionate ဖြစ်မဖြစ် စစ်သည်။
အထက်ပါ အခြေခံ သုံးချက်ကို မူတည်ပြီး လူရွေးတယ်လို့ ဆိုပါတယ်..
နောက်တစ်ခုက Can and Cannot?
ဘာပဲမေးမေး Can ပဲဖြေပါ။ ကုမ္ပဏီ အနေအထားကို တော့ ကြည့်ဦးပေါ့နော် .. Corporation တွေဆို အဲဒီလို ဖြေတာ ကိစ္စမရှိပေမယ့် Local သူဌေးရဲ့ ကုမ္ပဏီ ဆိုရင်တော့ မေးသမျှ Can ဖြေခဲ့ရင် တကယ် လုပ်တဲ့ အခါ အဲဒါကို နင်းပြီး ခေါင်းပုံဖြတ် ပါလိမ့်မယ် ..
Don't know
လက်ရှိအလုပ်ထည်းက မန်နေဂျာက ကျွန်တော်ကို သင်ပေးပါတယ်.. အရင်ငါ မင်းကို ဗျူးတုန်းက မေးတာတွေကို ဘာလို့ I don't know ပဲ ဖြေတာလည်း ဆိုတော့ ကျွန်တော်က Boss ရယ် သိမှ မသိတာ ဘယ်လို ဖြေရမလည်း ဆိုတော့ .. ငါ အခုမသိဘူး.. ဒါပေမယ့် သိအောင် Internet or resources တွေမှာ ရှာပြီး မင်းအလုပ်ကို ပြီးအောင် လုပ်ပေးမယ်လို့ ဖြေသင့်တယ် လို့ သူက အကြံပေးပါကြောင်း ...
5.Where do you see yourself in next 5 years?မဖြစ်မနေ လက်ရှိအင်တာဗျူးတဲ့ အလုပ်မှာ ရေရှည်လုပ်ဖို့ ရည်ရွယ်တယ်လို့ ဖြေရမှာဖြစ်ပါတယ်။
အင်တာဗျူးတစ်ခု မိမိကို ခေါ်တယ်ဆိုရင် ခေါ်တဲ့ အလုပ်ရှင်က ကိုယ့်အတွေ့အကြုံ၊ သို့မဟုတ် အရည်အချင်းနဲ့ အလုပ်နဲ့ ကိုက်ညီမှု တစ်ခုခု ရှိတယ်ထင်လို့ ခေါ်တယ်ဆိုတာ မမေ့ပါနဲ့။ အဲဒါကြောင့် အင်တာဗျူးမသွားခင်မှာ ဗျူးမယ့် Position, job scope, job requirements စတာတွေကို သိကို သိရပါမယ်။
ကျွန်တော် Visit နဲ့လာပြီး အလုပ်လျှောက်တော့ လျှောက်တဲ့ အလုပ်တွေ များလွန်းတော့ အင်တာဗျူး တစ်ခုခု ခေါ်ရင် ဘယ် Position၊ ဘယ် job scope ဆိုတာတောင် အတော် ပြန်ရှာရပါတယ်။ တစ်ခါကဆို အင်တာဗျူးသွားသာသွားတာ ကိုယ်လျှောက်တဲ့ အလုပ်က ဘာ Position လျှောက်မိမှန်း မသိသလို ဘာ requirement တောင်းတာလည်း လုံးဝ မသိပါဘူး။ ကုမ္ပဏီလည်း ရောက်ရော HR က သူတို့ Form တစ်စုံ ထုတ်ပေးပြီး ဖြည့်ခိုင်းပါတယ်။ အဲ.. ဖြည့်လည်းဖြည့်ရရော ကိုယ်လျှောက်တဲ့ Position ကိုတောင် မသိဘူးဆိုတော့ သွားရော ..အဲဒီအလုပ် မရခဲ့တာ လည်း အံ့သြ စရာတော့ မရှိပါဘူး ..
နောက်တစ်ခုက Coporation တစ်ခုက အင်တာဗျူးခေါ်တာပါ။ ခေါ်တဲ့လူရဲ့ နံမည်ကို မမေးမိပါဘူး။ ဗျူးမယ့်နေ့ကျ သွားလည်းသွားရော HR က ကိုယ့်ကိုခေါ်တဲ့လူက အလုပ်များပြီး မေ့နေပါတယ်။ ကိုယ်ကလည်း ခေါ်တဲ့သူ နံမည်ကို မသိပါဘူး။ နောက်တော့ မစောင့်နိုင်တာနဲ့ မဗျူးပဲ ပြန်ခဲ့ရတယ် ..
အင်တာဗျူးဖို့ ဖုန်း Call တစ်ခု ရခဲ့ရင် မေးဖို့ မမေ့ရမှာက ....
1. ကိုယ့်ကို ခေါ်တဲ့သူရဲ့ နံမည်
2. ကုမ္ပဏီ နံမည်
3. လျှောက်ခဲ့တဲ့ Position မေ့နေရင် မေးပါ။
4. အင်တာဗျူး Detail ကို ကိုယ့်ဆီ Email ပို့ခိုင်းပါ။ ဒါမှ ကိုယ့်ကို ခေါ်တဲ့လူရဲ့ နံမည်စာလုံးပေါင်းကို သိပြီး၊ လိုအပ်ရင်လည်း အီးမေးနဲ့ အချိန်မရွေး ဆက်သွယ်လို့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်ဆို job scope and requirements ကို မေ့နေတော့ အီးမေးပို့ပြီး တောင်းတာ သူတို့ ပို့ပေးပါတယ်။
Jobe scope နဲ့ requirements ကို ကြိုသိဖို့က တော်တော် အရေးကြီးပါတယ်။ ကုမ္ပဏီက လိုအပ်နေတဲ့ အရည်အသွေးကို ပြောပြနေလို့ပါ။ ဗျူးပြီ ဆိုတာနဲ့ အဲဒီ Job scope and requirement ထည်းမှာ ပါတဲ့ အချက်တွေနဲ့ ကိုယ်နဲ့ကိုက်တာကို ဇောင်းပေးပြီးပြောပါ။ အင်တာဗျူးခေါ်တယ်ဆိုတာ အလုပ်ရှင်ဘက်က ကိုယ့်အရည်အချင်းကို
စိတ်ဝင်စားလို့ တကယ်အလုပ်နဲ့ ကိုက်မကိုက် Confirm လုပ်တဲ့ သဘောဖြစ်လို့ ... မိမိမှာရှိတယ့် Strong အဖြစ်ဆုံး Point နဲ့ Job scope နဲ့ကို ဆက်စပ်ပြီး အကောင်းဆုံးပြောပြပါ။ အဲဒီအလုပ်နဲ့ ကိုယ်နဲ့ အသင့်တော်ဆုံးလို့ အင်တာဗျူးတဲံ့လူ ထင်သွားအောင် ပြောဖို့ မမေ့ပါနဲ့ ..
အဲဒီလိုပြောနိုင်ရင် အလုပ်မရတောင် Second interview တော့ သေချာပေါက်ရတတ်ပါတယ် ..
6.Why do you want to work at X company? အင်တာဗျူးတော်တော် များများမှာ မေးလေ့ရှိတယ့် မေးခွန်းပါ။ အမှန်တကယ် ကိုယ်က အဲဒီကုမ္ပဏီမှာ အကြာကြီးလုပ် ဖို့မရည်ရွယ်ဘူး ဆိုရင်တောင် ကောင်းတဲ့ အချက်တွေကို စဉ်းစားပြီး ပြောရပါမယ်။ မိမိကို အင်တာဗျူးတဲ့သူဟာ လက်ရှိကုမ္ပဏီမှာ လုပ်သက်ရင့်သူ၊ သို့မဟုတ် ရာထူးမြင့်သူတွေသာ ဗျူးလေ့ရှိတာကို သတိထားရပါမယ်။ ဘာကြောင့်ပဲ အဲဒီအလုပ်ကို လျှောက်လျှောက် မိမိကိုယ်တိုင်က အဲဒီအလုပ်ကို စိတ်ဝင်စားပြီး ကုမ္ပဏီ အပေါ်ကို အကောင်းဆုံး လုပ်ပေးနိုင်မယ့်လူလို့ ဗျူးတဲ့သူ မြင်လာအောင် ပြောကိုပြောရပါမယ်။ အင်တာဗျူးဆိုတာ မိမိကိုယ်ကို စွံအောင် ရောင်းရတာဖြစ်ပါသည်။ အရောင်းအ၀ယ်သမားများ၊ပွဲစားများ ဟာ ကောင်းကွက်လေးတွေကိုပဲ လှည့်ပတ်ပြောပြီး မကောင်းတာကို ၀ယ်သူမမေးမချင်း မပြောသလို စိတ်ဓာတ်မျိုးထားရပါမယ်။
အင်တာဗျူးသွားဖို့ ပြင်ဆင်ရင် စာမေးပွဲ ဖြေဖို့ ပြင်သလိုကို ပြင်ရပါမယ်။ မေးနိုင်တယ့် မေးခွန်းတွေအတွက် အဖြေကို ကြိုတင်စဉ်းစားထားခြင်းဟာ ဗျူး နေချိန်အတွင်းမှာ အလွန်ကို အထောက်အကူပြုပါတယ်။
ကျွန်တော်သူငယ်ချင်း တစ်ယောက် အလုပ်သာ လာရှာတာ ဘာမှ ပြင်ဆင်ခြင်းမရှိပါဘူး။ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဘဲ မရမှ ကံ ကို ပုံချတာဟာ တော်တော်ဆိုးတဲ့ အကျင့်ပါ။ ကျွန်တောတို့ မြန်မာ လူမျိုးတောတော်များများက ကံ ကိုပဲ ပုံချတတ်ပါတယ်။ ကံ ကောင်းတဲ့ တချို့လူတွေကျတော့ အင်တာဗျူး တစ်ခုထည်းမှာတောင် ဘာမှ ထွေထွေ ထူးထူး မမေးပဲ အလုပ်ရသွားတာတွေ ရှိပါတယ်။ ဒါပေမယ့် ကြိုတင်မပြင်ဆင်လို့ အလုပ်မရတာကို ကံ ကြောင့်လို့ ပြောချင်ပါသလား ....
အင်တာဗျူးတဲ့ အဆင့်တွေကို အကြမ်းဖြင်း ခွဲရင် သုံး ဆင့် ရှိပါတယ်။
1. ရေးဖြေ
2. ပထမ အင်တာဗျူး
3. ဒုတိယ အင်တာဗျူး တို့ဖြစ်ပါတယ်။ Position အလွန်မြင့်သူများ အတွက်ကျ 5 ဆင့်လောက် ကို ဖြေရတယ်လို့ ကြားဖူးပါတယ်။
1.ရေးဖြေ
သက်ဆိုင်ရာ အလုပ်ရဲ့အခြေခံတွေ သိမသိ၊ ပိုင်မပိုင် စစ် လေ့ရှိသလို၊ analytic,logic တွေးတတ် သလား ညာဏ်စမ်း တွေလည်း မေးတတ်ပါတယ်။
ဥပမာ။ Shell ရဲ့ အင်တာဗျူးတွေမှာ စက္ကူနှင့် စင် ဆောက်ခိုင်းခြင်း
Electrical engineer အတွက် လျှောက်တဲ့သူဟာ Motor power တို့ 3 phase တို့မှ မရှာတတ်ရင်၊ နားမလည်ရင် အလုပ်ရဖို့ အလှမ်းဝေးပါတယ်။
ကျွန်တော်ဖြေခဲ့ဖူးတဲ့ အင်တာဗျူး တစ်ခုကတော့ Cubic တုံးပုံရဲ့ Development ပုံအခွဲလေးများစွာကို ဖြန့်ဆွဲထားပြီး မှန်ကန်တဲ့ ပုံကို ရွေးရတာ ဖြေဖူးပါတယ်။
IQ test လို test များဖြေရာမှာ အားလုံးပြီးအောင် ဖြေဖို့ထက် မှန်မှန်နှင့် မြန်မြန် ပြီးနိုင်သလောက် ပြီးအောင် ဖြေဖို့က ပိုအရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် မေးထားသော မေးခွန်း အရေအတွက်က သတ်မှတ် အချိန်ထက် ပိုများလေ့ ရှိသောကြောင့်ဖြစ်ပါတယ်။
2.ပထမ အင်တာဗျူး
ပုံမှန်က သုံးယောက် မေး လေ့ရှိပါတယ်။ မန်နေဂျာ၊ Technical field မှ လူတစ်ယောက်ယောက် နှင့် HR manager တို့ ဖြစ်ပါတယ်။ တခါတရံမှာ နှစ်ယောက်လောက်က ညှပ်ပူးညှပ်ပိတ် နှင့် ခက်ခဲသော
မေးခွန်းများ၊ တစ်ယောက်စွမ်းအားနှင့် မနိုင်လောက်သော အလုပ်များကို တာဝန်ယူခဲ့ရရင် မင်းဘယ်လိုလုပ်မလည်း မေးတတ်ပါတယ်။ ထောင်ချောက်တစ်ခုပါ။
ှStress အင်တာဗျူး လို့လည်း ခေါ်ပါတယ်။
အလုပ်မှာ Stress များလာရင် ဘယ်လိုတုန့်ပြန် မလည်းဆိုတာ သိချင်လို့ မေးတာဖြစ်ပါတယ်။ ကိုယ့်ဘက်က ဖြေရာမှာ ရိုးသားမှု ရှိသင့်သလောက် ရှိရပါမယ်။ Work load သိပ်များနေရင် ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပေးမယ်
Team work နဲ့ အလုပ်တွေကို ပြီးအောင်လုပ်မယ် စသည်ဖြင့် ဖြေရပါမယ်။
အင်တာဗျူးမှာ အလုံးစုံ ရိုးရိုးသားသား ဖြေရင် မကောင်းသလို မလုပ်နိုင်တာတွေကို လုပ်နိုင်တယ် ဆိုတာမျိုးလည်း မဖြေရပါဘူး ....
3.ကံကောင်းရင်တော့ ဒုတိယ အင်တာဗျူးဟာ HR မှ လစာ ခေါ်ညှိတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အလုပ်မှ ဒါရိုက်တာ လို အဆင့်မြင့်သူ တစ်ယောက်က ထပ်ပြီး
မေးခွန်းများ လည်းမေးတတ်ပါတယ်။ အဲဒီလို မေးရင် သူက အရင် ဗျူးသူရဲ့ မှတ်ချက်ကို ကြည့်ပြီးမေးတယ် ဆိုတာ သတိထားရပါမယ်။ ဒုတိယ အင်တာဗျူး ရရင် အလုပ်ရဖို့ အခွင့်အလမ်း လည်း အတော်များနေပါပြီ။ ပထမ အင်တာဗျူး မှာဖြေခဲ့သလို Performance ထပ်တူလောက် ဖြေနိုင်ရပါမယ်။
HR က လစာ ခေါ်ညှိရင်တော့ ရပိုင်ခွင့် များ ကို စုံအောင် မေးပြီး တောင်းဆိုစရာ ရှိတာများကို တောင်းဆိုရပါမယ်။ လစာညှိရာမှာ လည်း နှစ်မျိုးရှိပါတယ်။ လက်ရှိအလုပ်ရှိသူ နဲ့ မရှိသူ ကွာပါတယ်။ အလုပ်မရှိသေးတဲ့ လူများကို HR က take it or leave it ဆို ပေးလေ့ရှိပေမယ့် အလုပ်လုပ် နေတဲ့သူဆိုရင်တော့ ကိုယ်တောင်းဆိုချင်တာများကို သူတို့ဘက်မှ အရင်မေးပါတယ်။
Medical coverage, Annual Leave, Sick leave, Annual bonus, Probation period, Other bonus and allowances အစရှိတာတွေ အားလုံးကို မေးပြီး Standard အနေနဲ့ ရသင့်ရထိုက်တာများ ရနိုင်မရနိုင် Confirm လုပ်ပြီးမှ စာချုပ်ကို လက်မှတ်ထိုးပါ။
ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့သူငယ်ချင်း အလုပ်ရတော့ ပျော်ပြီး 13 လ လစာ(နှစ်ကုန်ရင် တစ်လ ဘောနပ်စ်) ရ မရ မမေးမိတော့ မရတာ ဖြစ်ဘူးပါတယ်။ မမေးရင်၊ မပြောရင် မေ့ချင်ယောင် ဆောင်တတ်ပါတယ်။ တကယ်က စလုံးမှာ နှစ်ကုန်ရင် တစ်လစာ ဘောနပ်စ် ပေးတယ်ဆိုတာ တကယ်တော့ အပိုပေးတာ မဟုတ်ပါဘူး.. အလုပ်ချိန်တွေ တွက်ကြည့်ရင် တစ်နှစ်မှာ 13 လစာ လုပ်ရတော့ ကိုယ့်ရဲ့ အမှန်တကယ် ရပိုင်ခွင့် ဖြစ်ပါတယ် ...
ခရစ်စတယ်လ် မှကူးယူဖော်ပြပါသည်.....
မိုးသကြား.....
.......................................................................
(
www.moethagyar.blogspot.com)
မှာ တွေ့လို့ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး ပြန်လည်း ဝေမျှခြင်းဖြစ်ပါသည်။