ပြန်ပေးပါ
အချစ်ရဲ့နေ့..
အလွမ်းရဲ့ညနဲ့
အလွမ်းရဲ့ညနဲ့
တစ်ခြမ်းပဲ့လှတဲ့ကမ္ဘာကြီး......
နင့်ရဲ့ည ၊
ငါ့ရဲ့နေ့ နဲ့
ဘဝရဲ့အတွေ့တွေမှာ
ပင်ပန်းလွန်းလှလို့
နင်မှားစီးသွားတဲ့ ညတစ်ဖက်
( နိင်)
ငါ့ညတစ်ဖက်
နင်
မှားစီးသွားတယ်
ပြန်လဲပေးစေချင်ပါတယ်
နေ့ဘက်တစ်ခုလုံးအလုပ်လုပ်လို့ပင်ပန်းနေပါတယ်ဆိုကာမှ
ညရောက်တော့လည်းအိပ်မရပြုမရ
အိပ်မက်တွေချည်းလိမ့်မက်လို့အိပ်ရေးမဝ
နင့်ညတွေမလိုချင်တော့လို့
ငါ့ညလေးပြန်ပေးပါ...... နော်....
No comments:
Post a Comment