honesty is the best policy

without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး
Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး
Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး
Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

Sunday, December 19, 2010

ဒေါသအကြောင်းသိကောင်းစရာ




လူတိုင်းလူတိုင်း ဒေါသထွက်ဖူးကြပါတယ် ။
ကျွန်တော်ကိုယ်တိုင်ကလည်း ငယ်ငယ်လေးတုန်းက အရမ်းဒေါသကြီးတာ.ထစ်ကနဲရှိလုပ်လိုက်တာပဲ ။ဒေါသဖြစ်တဲ့အချိန်မှာဘာကိုမှမမြင်နိင်တော့ဘူး ။ကောင်းသည်မကောင်းသည်စဉ်းစားဖို့အချိန်မရှိတော့ဘူး .အမှားအမှန်ကိုလည်းမခွဲခြားနိုင်တော့လို့ မှားခဲ့တာများပါတယ် ။
စီတ်ရဲ့သဘောအရင်းက အရမ်းဖြူစင်တယ် .စိတ်ကလေးကြည်လင်နေတဲ့အခါမျက်နှာလေးလည်းဝင်းပနေတတ်တာကိုသတိထားမိမှာပေါ့
ဒေါသဖြစ်တဲ့အခါ မျက်နှရဲ့အရောင်ပြောင်းလဲသွားတတ်တယ်၊တစ်ချို့က အနီရောင် တစ်ချို့ က ……………
အခုချိန်မှာ တော်ရုံတန်ရုံဒေါသမထွက်တော့ပဲ အရာရာကို သည်းခံစိတ်မွေးနိင်နေတဲ့ကျွန်တော် ငါ့မှာဒေါသမရှိတော့သလောက်နည်းသွားပြီ .. ဂုဏ်ယူနေတုန်းမှာ….အဘိဓမ္မာကို လေ့လာလို့ စိတ် ဆိုတဲ့အခန်းရောက်မှ သေသေချာချာသိတော့တယ်….ငါ့မှာဒေါသတွေအများကြီးရှိသေးတယ်ဆိုတာ
ကျွန်တော်တို့ သိတာကရှုးရှုးရှဲရှဲ ပေါက်ကွဲမှသာ ဒေါသလို့သတ်မှတ်ကြတာပေါ့ ။
ဒီတစ်ခုတည်းမဟုတ်သေးပါဘူး….
၁ ။ ပူဒေါသ
၂ ။ အေးဒေါသ နှစ်မျိုးရှိသတဲ့
ပူဒေါသ က သိလွယ်မြင်လွယ် တဲ့ပေါက်ကွဲတဲ့ဒေါသမျိုးပေါ့
အေးဒေါသကတော့ ဖွဲမီးလိုတစ်ငွေ့ငွေ့တောက်လောင်တတ်တဲ့ဒေါသမျိုးပါ ။
အေးဒေါသ ဆိုတဲ့အထဲမှာ
၁ ။ တစ်စုံတစ်ယောက် ကို အလွန်အမင်း စိတ်ပူပန်ပေးတာ
၂ ။ ပူဆွေးဝမ်းနည်းတာ
၃ ။ သောကရောက်နေတာ
၎ ။ အလွန် အမင်းလွမ်းဆွတ်တမ်းတ သတိရနေတာ…..
အဲဒါတွေပါတယ် ….အခု လူငယ်တွေမှာဖြစ်တတ်တဲ့ အသည်းကွဲတယ်ဆိုတာလည်း ဒေါသတစ်မျိုးပါပဲ …
ဒေါသဖြစ်နေဆဲ အခိုက်အတန့်မှာ ခန္ဒာကိုယ်အတွက် ဆိုးကျိုးပေးတဲ့ ဓာတ်ပစည်းတွေဟာ ခန္ဓာကိုယ် မှ ထုတ်လုပ်ပါသတဲ့ ။
ဒေါသဆို ဘယ်ဒေါသမှကောင်းကျိုးမပေးလို့ ဒေါသကိုနည်းနိုင်သမျှနည်းအောင် ကြိုးစားနိင်ကြပါလို့တိုက်တွန်းချင်ပါတယ် ။ ( nainai14 )

No comments:

Post a Comment