Wednesday, December 22, 2010

သူငယ်ချင်းမလေးများသို့


လောကတွင် လှသော မိန်ကလေးများ ပေါများလှသည် ။
 မလှသောမိန်ကလေးများသည်လည်း မနည်းလှ ။
သာမာန် ရွက်ကြမ်းေ၇ကြိုအဆင့် ရှိသော မိန်းကလေးများလည်းဒုနဲ့ဒေးပင် ။
သို့သော် အရည်အချင်းရှိသောမိန်းကလေး များကား ရှားလှ၏ ။
 မိန်းကလေးများသာမက ယောက်ျားလေးများသည်လည်းထိုနည်းတူစွာပင်ဖြစ်သည် ။
 

အလှအပဟူသည် အချိန်နှင့် အမျှ တန်ဖိုးယုတ်လျော့သွားတတ်သော အမျိုးဖြစ်သည်။

နုနယ်ပျိုမြစ်ခြင်းသည်လည်း အချိန်ကာလ၏ဝါးမျိုစားသောက်ခြင်းကို ခံရမည်သာဖြစ်သည် ။
လူတို့၏သက်တမ်းသည် (၇၅)နှစ်ရှိသည်ဆိုပါလျှင် တကယ်တမ်းလှပနိင်သော အချိန်သည်
၁၅ - ၁၆ မှ ၂၅-၂၈ အထိသာဖြစ်သည် ။
 
နုနယ်ပျိုမြစ်သောအချိန် တစ်စုံတစ်ခုသော အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခု၌
ဇောက်ချလုပ်ကိုင် ခြင်း ( သို့ ) ပညာရပ်တစ်ခုခုကို ထူးချွန်ထက်မြက်အောင်
လေ့လာလိုက်စားထားခြင်းမရှိသော သူများသည် 
ငါ ဟိုတုန်းကသာ ကြိုးစားခဲ့လျှင်ဟူသော အရွယ်လွန်နောင်တများဖြင့်
ကိုယ့်ကိုယ်ကို  အပြစ်တင်နေမိမှာ အမှန်သာဖြစ်ပေလိမ့်မည်။
 
ဟိုးယခင်ကာလများက မြန်မာ့ ဓလေ့ထုံးတမ်းစဉ်လာများတွင် 
မိန်းကလေးများ ပညာသင်ယူခြင်း အလုပ်လုပ်ခြင်းကို အားပေးမှု နည်းပါးခဲ့သည် ။
( မိန်းကလေးပဲ သေစာရှင်စာ ဖတ်တတ်ရင် တော်ပြီ )
( အချိန်တန်တော့ မီးဖိုချောင်ဝင်ရမှာပဲလေ ဒုါတွေလုပ်ထားလည်း အလကားပဲ )
ဟူ၍တွေးခဲ့ ကြသည် ။ ပြော ခဲ့ ကြသည် ။
 
ထိုသို့သော အတွေးအခေါ်များကို  ၁၈ ရာစုတွင်ထားခဲ့ပါ ။
ယခု ၂၁ ရာစုသို့ေ၇ာက်နေပေပြီ ။ သာမာန် ဘွဲ့တစ်ခုရရုံမျှဖြင့် ၊ ဆယ်တန်းအောင်ရုံမျှဖြင့် 
 မိမိကိုယ်ကိုကျေနပ်မနေသင့်ပေ ။အိမ်ထောင်ပြုလျှင် ယောက်ျားအားကိုးမယ်ဟူသော
 အတွေးများကိုလည်း မေ့ပစ်သင့်လှသည် ။
 
မိန်းမများ သည် အားနွဲ့ သည်ဟူသော အတွေးကိုလည်း ……..ဖြစ်နိုင်လျှင် 
 အားနွဲ့တယ်

ဒါပေမယ့် ငါတို့ မလုပ်နိုင်တဲ့ကိစ္စဘာမျှမရှိ ။ ယောက်ျားလည်း လူ မိန်းမလည်းလူ

လူခြင်းအတူတူ ငါတို့က အသနားခံနေရမှာလားဟု မာန နည်းနည်းပါးပါးထားသင့်လှသည် ။
မိမိကိုယ်ကို စောင့်ရှောက်နိင်လောက်သော အရည်အချင်း လူတိုင်းမရှိမဖြစ်ပိုင်ဆိုင်ထားရမည်ဖြစ်သည် ။
ထိုမျှလောက်သော အရည်အချင်းလောက်မျှမရှိသေးလျှင် ရှိအောင်လုပ်ရမည် ။
 
ယောက်ျားက မိန်းမအားကိုး လျှင်လည်း မတော် ၊
မိန်းမကယောက်ျားအားကိုးလျှင်လည်းမကောင်း ။ မည်သူက မည်သူ့ကို အားကိုးသည်ဖြစ်စေ  အားကိုးခံရသူက တစ်ချိန်မဟုတ်တစ်ချိန် ရောင့်တတ်လာမည်သာဖြစ်သည် ။
( နင် .. ငါရှာကျွေးတာစားပြီး ငါ့ကို ပြန်ပြောရသလား) ဟူသော အကြည့်မျိုး၊
အပြောမျိုးကို ရရှိသည့်အချိန်သည် စောလျှင်ကောင်း၏ ။ နောက်ကျခဲ့လျှင် ကြိုးစားရန်အချိန်နှောင်းပြီး အချိန်လွန်နောင်တများနှင့်သာ ငိုကြွေးရမည်ဖြစ်သည် ။
 
မိန်းမများသည် ကလေးထိန်း အဝတ်လျှော်  ဟင်းချက်လုပ် ရန်အတွက်သာမွေးဖွားလာခဲ့ခြင်းမဟုတ်
 ယောက်ျားများကဲ့သို့ ပင်
စီးပွားရှာရန် ၊လောကနှင့်လူသားများ ကို တတ်နိုင်သလောက်အကျိုးပြုရန် ၊
ကျရာနေရာတွင် ရပ်တည်ပြီး လူသားဘဝ၏တာဝန်များကို ထမ်းဆောင်ရန်
 အတွက်မွေးဖွားလာခဲ့သော လူသားလည်းဖြစ်ပါ၏ ။ယခုအခါ ကမ္ဘာ
နှင့်အဝှမ်း အမျိုးသမီးစွမ်းဆောင်ရှင်များ အံ့ မခန်းပေါ်ပေါက်လာနေပြီဖြစ်သည် ။
  မြန်မာအမျိုးသမီးများ နောက်ကျမနေသင့်ပေ ။
 
ထိုသို့ပြောလျှင် ရှေးရိုးစွဲကြိုက်သော အသစ်ကို လက်မခံသော၊ မိမိဦးနှောက်ကိုသုံးရန်ကြောက်လှသော
 မမ တို့ က ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ ဟုပြောတတ်ကြသည် ။

အစဉ်အလာများကို လုံးဝဆန့်ကျင်ရန်ပြောချင်းမဟုတ်  ခေတ်နှင့် မလျှော်ညီသော

မိမိ၏ဘဝ တိုးတက်ရေးကို နှေးကွေးလေးလံစေသော စည်းမျည်းစည်းကမ်းတစ်ချို့ကို မိမိစရိုက်နှင့် ကိုက်ညှိ ချိန်ဆပေးရန်သာဖြစ်သည် ။
 
ရှေးယခင်ကလူများသည် အကြောက်တရားဖြင့်အုပ်ချူပ်ခဲ့ကြသည် ။
တစ်ခုခုကိုမလုပ်စေချင်လျှင် ခြောက်လှန့်၍ပြောလေ့ ရှိသည် ။ ဥပမာ -
ကြည့်မှန်ကို ပက်လက်လှန်ထားလျှင် အိမ်ခိုက်တတ်သည်ဟုပြောလေ့ရှိကြသည် ။
အမှန်မှာ မှန်ကို ပက်လက်လှန်ထားပါက အပေါ်သို့တစ်ခုခုကျရောက်လာလျှင် ကွဲမည်စိုးသောကြောင့်ဖြစ်သည် ။
 ထို့ကြောင့် ရှေးထုံးမှန်သမျှကို ဒီအတိုင်းလက်လွတ်စပါယ် လက်ခံထားခြင်းထက် မိမိဦးနှောက်ဖြင့် သေချာစဉ်းစားကာ လက်ခံသင့်ကြောင်း အကြံပြုလိုက်ပါ၏ ။
 
ထုံးတမ်းစဉ်လာဟူသောဥခွံထဲမှ ရုန်းထွက်ရန်အချိန်ရောက်နေပေပြီ ။
 မိမိကိုယ်ကို မိမိ စစ်မှန်သော အရည်အချင်းများဖြင့် အလှဆင်ပြီး ဘဝတစ်သက်တာလှပမှုကို ရှေ့ရှု့ သင့်လှပေတော့သည် ။
 
............................................................................
 

သူငယ်ချင်းများအစစအရာရာအဆင်ပြေကြပါစေ......(နိုင်)

 

 

 

No comments:

Post a Comment