Wednesday, December 22, 2010

ယောက်ျားကတိ






မင်းက မိုး မို့     ၊ ငါ ကမြေ ..........
ဟိုး...အရင်သူ   ၊ ခပ်သိမ်းလူတို့
ပမာခိုင်းနှိုင်း     ၊ ကြမ္မာရိုင်းလည်း 
ငါတို့ ဝေးမယ်   ၊ မင်း မထင်နဲ့  .........

မျက်စိတစ်ဆုံး  ၊ အဝေးဆုံးက
မိုးကုပ်စက်ဝိုင်း ၊ အတိုင်းကိုကြည့် 
ဒီမိုး ၊ ဒီမြေ      ၊ ဒီ ( ၂ ) ထွေလုံး
ထိတဲ့နေရာ      ၊ အသေအချာပဲ ........

စောင့်နေခဲ့လူ  ၊ ချစ်ဦးသူသို့ 
ဗမာယောက်ျား  ၊ သာကီဘွားတို့
ခွန်အားစိုက်ထုတ် ၊ ဥာဏ်နှင့် လုပ်လို့
နည်းလမ်းဖွေရှာ ဆုံဆည်းရာသို့ ....
မရောက်မခြင်း အားစိုက်နှင်းသည်...
  ယောက်ျားကတိ ၊တည်စေသော် ......

                                              ( နိင် )

No comments:

Post a Comment