honesty is the best policy

without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး
Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး
Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး
Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

Wednesday, December 22, 2010

အသည်းရောင် အသားဝါ (ဘီ)ရောဂါ Hepatitis ( B ) Infection







အသည်းရောင် အသားဝါ ဘီရောဂါ ဟာ လတ်တလော ကမ္ဘာမှာ ကူးစက်မှု မြင့်မားနေဆဲ ရောဂါတစ် မျိုးဖြစ် ပါတယ်...
အမေရိက ရောဂါ ကာကွယ် ထိန်းချုပ်ရေး စင်တာ ၏ခန့်မှန်း ထုတ်ပြန်ချက် အရ
 ကမ္ဘာ တစ်ဝှမ်း လူဦးရေ သန်း ၃၅၀ ခန့် အသည်းရောင် ဘီရောဂါ ပိုးကူးစက် ခံနေရပြီး
 နှစ်စဉ် လူ ၆၂၀,၀၀၀ ခန့် သေဆုံး နေရကြောင်း ပြောဆို ထားပါတယ်...
 အမေရိက တွင် ၂၀၀၆ ခုနှစ် အတွင်း အသည်းရောင် ဘီကူးစက် ခံရသူ လူနာသစ် ၄၆,၀၀၀ ရှိပါတယ်...
 ယင်းသို့ လတ်တလော ကူးစက်ခံ ရသူများ ထဲတွင် အသက် ၂၅မှ ၄၄ နှစ် အတွင်း ကူးစက်ခံ ခြင်းမှာ (3.1 cases per 100,000 population) အမြင့်မား ဆုံးဖြစ် ပါတယ်..
 အသက် ၁၅နှစ် အောက် ကူးစက် ခံရမှု နှုန်းမှာ အနိမ့်ဆုံး ဖြစ်ပါတယ် (0.02 per 100,000)...
၎င်းအချက် အလက် များကို ကြည့်ခြင်းဖြင့် ရောဂါပိုး အဓိက ကူးစက်မှုမှာ လိင်ဆက် ဆံခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း၊
 ရောဂါပိုး ရှိသောသွေး ထိတွေ့ ၀င်ရောက်ခြင်း များကြောင့် ဖြစ်ကြောင်း သိသာ စေပါတယ်...
အသည်းရောင် ဘီ ကာကွယ် ဆေးကို ကလေးများ ပုံမှန် ထိုးနှံ ပေးခြင်း ကလည်း ငယ်ရွယ် သူများ ကူးစက် ခံရမှု လျော့နည်း စေပါတယ်...

အသည်းရောင် ဘီ ရောဂါပိုး ဟာ ဒီအန်အေ ဗိုင်းရပ်စ် (DNA Virus) အမျိုးအစား ဖြစ်ပါတယ်...
 အန်တီဂျင် (Antigen) နှစ်မျိုး ရှိပြီး ဗိုင်းရပ်စ် အတွင်းပိုင်း (Core )အင်တီဂျင် (HBcAg) နဲ့ ဗိုင်းရပ်စ် အပြင်ပိုင်း
(Surface) အင်တီဂျင် (HBsAg) တို့ ဖြစ်ပါတယ်.. အသည်းရောင် ဘီ ဗိုင်းရပ်စ် ပိုး ခန္ဓာကိုယ် တွင်းသို့ ကူးစက် ၀င်ရောက် လာပါက ခန္ဓကိုယ် ရောဂါ ခုခံမှု စနစ် (Immune System) မှ တန်ပြန် အင်တီ ဘော်ဒီ (Antibody) များထုတ်လုပ် ပါတယ်.. Antibody to HBsAg (Anti-HBs), Antibody to HBcAg (Anti-HBc) များဟာ ခန္ဓကိုယ် မှ ထွက်ရှိလာ တဲ့ အင်တီ ဘော်ဒီများ ဖြစ်ပါတယ်.. အဲဒီ အင်တီဂျင်၊ အင်တီ ဘော်ဒီ တွေကို သိထား ခြင်းဖြင့် ရောဂါပိုး စစ်ဆေး ရာမှာ၎င်း၊ ရောဂါပိုး ၀င်ရောက်မှု အခြေ အနေကို ၎င်း စမ်းသပ်ရာမှာ အသုံးဝင် ပါတယ်...

အသည်းရောင် ဘီရောဂါပိုး ဟာ လူ့ခန္ဓာ ကိုယ်ရဲ့ သွေး၊ သုတ်ရည်၊ ယောနိရည်၊ နို့ရည်၊ တံတွေး တို့မှာ တွေ့ရှိ ရပါတယ်.. ဒါ့ကြောင့် ရောဂါ ကူးစက် နိုင်တဲ့ နည်းလမ်းများ ကတော့ ရောဂါပိုး ရှိသူနှင့် လိင်တူ လိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါပိုး ပါသော ဆေးထိုးအပ် ဆေးထိုးပြွန် ဆေးမင် ကြောင်ထိုး ဓါတ်အပ်စိုက် စသည်တို့ ပြုလုပ်ခြင်း၊ ရောဂါပိုး ပါသော သွေးသွင်း မိခြင်း၊ ကိုယ်ဝန် ဆောင် မိခင်မှ ကလေး သို့ကူး စက်ခြင်း၊ ရောဂါပိုး ပါသော သွေး (သို့) တံတွေး ထိထားသော သွားတိုက်တံ မုတ်ဆိတ် ရိပ်ဓား သုံးစွဲခြင်း တို့ ဖြစ်ပါတယ်...



လတ်တလော အသည်းရောင် ဘီပိုးဝင် လက္ခဏာ များမှာ ရောဂါ ပိုးဝင်ရောက်ပြီး ၁လမှ ၄လ အတွင်း ဖြစ်ပေါ် လေ့ရှိ ပါတယ်... အသည်းရောင် ဘီပိုး ဟာ အသည်းကို တိုက်ရိုက် ထိခိုက် ရောင်ရမ်း စေတာ မဟုတ်ဘဲ ခန္ဓာကိုယ် ရောဂါ ခုခံမှု စနစ် (Immune system) က အသည်းရောင် ဘီပိုး ကို ခုခံ တိုက်ဖျက် ရာမှ မိမိ အသည်း ကိုပါ ထိခိုက် ရောင်ရမ်း ရခြင်း ဖြစ်ပါတယ်... ဒါ့ကြောင့် ခန္ဓာကိုယ် ခုခံမှု စနစ် အားကောင်း ပါက ရောဂါပိုး ကို ကင်းစင် အောင် ပိုမို တိုက်ထုတ် နိုင်ပြီး လတ်တလော အသည်းရောင် လက္ခဏာ ပိုမို ပြင်းထန် တတ်ပါတယ်... ခန္ဓာကိုယ် ခုခံမှု စနစ် လျော့နည်း ပါက လတ်တလော အသည်းရောင် လက္ခဏာ ခံစား ရမှု နည်းပြီး ရောဂါပိုး ကင်းစင် အောင် တိုက်ထုတ် နိုင်မှု နည်းပါး ပါတယ်... အဲဒါကြောင့် ကလေး သူငယ် အထူးသဖြင့် ၁နှစ် အောက် ကလေးများ ရောဂါ ကူးစက် ခံရပါက ၉၅% မှာ နာတာရှည် ပိုးသယ် ဆောင်ပြီး နာတာရှည် အသည်းရောင် ခြင်းပိုမို ဖြစ်ပွား စေပါတယ်.. လူကြီး များတွင် ၅% ကသာ နာတာရှည် ပိုးသယ်ဆောင် ပြီ်း ကျန် ၉၅% က လတ်တလော အသည်းရောင် ပြီး ပိုးကင်းစင် သွားတတ် ပါတယ်... လတ်တလော အသည်းရောင် ဘီ ပိုးဝင် လက္ခဏာ များမှာ

* တုပ်ကွေး ကဲ့သို့ ကိုက်ခဲ နာကျင် ဖျားနာခြင်း၊
* မျက်လုံးနဲ့ အသားများ ၀ါလာခြင်း၊
* နုံးခွေ အော့အန်ခြင်း၊
* အစာ စားချင်စိတ် မရှိခြင်း၊
* အသည်းရောင် ခြင်းကြောင့် ၀မ်းဗိုက် ညာဖက် အပေါ်ပိုင်း နာကျင်ခြင်း၊

တို့ ဖြစ်တတ် ပါတယ်...

နာတာရှည် အသည်းရောင် ဘီပိုး သယ်ဆောင်သူ များဟာ အများ အားဖြင့် ရောဂါ လက္ခဏာ မပြ ကြပဲ နှစ်ပေါင်း များစွာ ကြာတဲ့ အခါ အသည်းခြောက် ရောဂါ (Cirrhosis of Liver) နဲ့ အသည်း ကင်ဆာ ရောဂါ ဖြစ်ပွား စေတတ် ပါတယ်... နာတာရှည် ဘီပိုး သယ်ဆောင် သူများရဲ့ ၁၅ မှ ၂၀% ဟာ ၅နှစ်မှ ၂၀နှစ် အတွင်း အသည်းခြောက် ရောဂါ ဖြစ်ပွား တတ်ပါတယ်... အသည်းရောင် ဘီရောဂါ ပိုး နာတာရှည် သယ်ဆောင်သူ များ အနေ ဖြင့် အသည်းကို ထိခိုက် စေတဲ့ အပြု အမူ၊ အစား အသောက် ၊ ကိုယ်ခံအား ကျဆင်း စေတဲ့ ဆေးဝါးများ များကို ဂရုပြု ရှောင်ရှား ရပါမယ်.. အရက်၊ ဘီယာ၊ ထန်းရည်၊ ၀ိုင် စသည် တို့ကို လုံးဝ ရှောင်ရှား ရပါမယ်... ပန်းနာ၊ အဆစ် အမြစ် ကိုက် ရောဂါ တို့အတွက် သောက်သုံး သော ပရက်နီဆလုံး (Prednisolone)၊ အချို့ အရေပြား ရောဂါ များနဲ့ အဆစ်နာ အတွက် သုံးသော မက်သို ထရက်ဇိတ် (Methotrexate)၊ အချို့ ကင်ဆာ ရောဂါ များတွင် သုံးသော ဆိုက်ကလို ဖောစဖမိုက် (Cyclophosphamide) ဆေးများ သုံးစွဲ နေရ ပါက အသည်း ရောင်ခြင်း ကို ပိုမို ဆိုးရွား စေသဖြင့် ရပ်နား သင့်ပါတယ်...

ရောဂါ စစ်ဆေးမှု တွင် အဓိက အားဖြင့် HBsAg ကိုသာ နေရာ တကာ တွင်တွင် ကျယ်ကျယ် စစ်ဆေး နိုင်ပါတယ်... ရောဂါပိုး ၀င်ရောက်ပြီး ၄ ပတ် အကြာ တွင် စစ်ဆေး တွေ့ရှိ နိုင်ပြီး ရောဂါပိုး ကင်းစင် အောင် ခုခံအား ကောင်းသော သူများတွင် လတ်တလော အသည်းရောင် ပြီး ၄လ အကြာ တွင် ၎င်း HBsAg ပျောက်ကွယ် လေ့ရှိ ပါတယ်... နာတာ ရှည် ပိုးသယ် ဆောင်သူ များတွင် မူ နှစ်ပေါင်း များစွာ ဆက်လက် စစ်ဆေး တွေ့ရှိ နိုင်ပါတယ်... အသည်း ရောင်ဘီ ပိုးဝင် ရောက်၍ လတ်တလော အသည်းရောင် အသား ၀ါဖြစ်ပြီး ရောဂါပိုး ကင်းစင် သွားသူ များ အနေဖြင့် တစ်သက်တာ အသည်း ရောင်ဘီ ရောဂါပြီး သူ (Life-long Immunity) အဖြစ် နေထိုင် နိုင်ပါတယ်... အောက်ပါ ဇယား အရ စစ်ဆေး ကြည့်ရှု ခြင်း ဖြင့် ရောဂါ အခြေ အနေ ကို အနီး စပ်ဆုံး သိရှိ နိုင်ပါတယ်...






ရောဂါ ကုသမှု အနေဖြင့် လတ်တလော အသည်းရောင် ဖြစ်နေသူ များသည် သီးသန့် ကုသမှု မလိုအပ် ပဲ အနားယူခြင်း၊ အာဟာရ ပြည့်ဝ အောင် ပုံမှန် စားသောက် ခြင်းတို့ သာလိုအပ် ပါတယ်... နာတာရှည် ပိုးသယ် ဆောင်သူ များသည် လည်း အသည်းကို ထိခိုက် စေသော အပြု အမူ၊ အစား အစာ ရှောင်ရှားပြီး အာဟာရ ပြည့်ဝအောင် နေထိုင် စားသောက် သင့်ပါတယ်... အချို့ ပိုးအရေ အတွက် များနေသူ များအတွက် ပိုး အရေ အတွက် လျော့နည်း စေရန် ဆရာဝန် ညွှန်ကြား သည့် အတိုင်း ဆေးထိုး ဆေးစား ပြုလုပ် နိုင်ပါတယ်...


ရောဂါ ကာကွယ်ရေး အနေဖြင့် အသည်းရောင် ဘီပိုး ၀င်ရောက် ဖူးခြင်း မရှိ ပါက အသည်းရောင် ဘီ ကာကွယ် ဆေးကို ထိုးထား ခြင်းဖြင့် ကာကွယ် နိုင်ပါတယ်... မိမိ အိမ်သား တစ်ဦး တွင် ဘီပိုး ရှိနေ သူများ၊ ကျန်းမာရေး ၀န်ထမ်း များ၊ အသည်း ရောင် စီပိုး ရှိနေ သူများ တွင် နောက်ထပ် ဘီပိုး မ၀င် အောင် ကာကွယ် ရန်လို သူများ သည် အသည်းရောင် ဘီ ကာကွယ် ဆေးကို မဖြစ် မနေ ထိုးနှံ သင့်ပါတယ်... ကလေး များတွင် အသည်းရောင် ဘီ ပိုးဝင် ရောက်ပါက နာတာရှည် ပိုးသယ် ဆောင်သူ ဖြစ်နိုင်ခြေ အလွန် များ သဖြင့် ပုံမှန် ကာကွယ် ဆေးထိုး စီမံ ချက် အရ ထိုးပေး နေပြီ ဖြစ်ပါတယ်... အသည်းရောင် ဘီပိုး ရှိသူ မိခင် မှ မွေးဖွား သော ကလေး များကို မွေးပြီး ၁၂ နာရီ အတွင်း ပုံမှန် အသည်းရောင် ဘီ ကာကွယ် ဆေး အပြင် Hepatitis B Immune Globulin (HBIG) ကို ထိုးပေး သင့် ပါတယ်... ဒါ့ကြောင့် အသည်းရောင် ဘီ ရောဂါ ၀င်ရောက်ဖူး ခြင်းမရှိ သူများ သည် ကာကွယ်ဆေး ကို စနစ် တကျ ထိုးနှံ ၍ ကာကွယ် ထားသင့် ကြောင်း ရေးသား လိုက်ရ ပါတယ်... အားလုံး ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ..


| Posted by Dr. Win Thein

References;
http://www.medicinenet.com/hepatitis_b/article.htm
http://en.wikipedia.org/wiki/Hepatitis_B

ဒီပိုစ်လေးက ဒေါက်တာ ကို ဝင်းသိန်းရဲ့ ( http://www.drwinthein.info/ ) က ဖြစ်ပါတယ် ။ အခုချိန်က ( ဘီပိုးတွေ ခေတ် ထနေလေတော့ ဗဟုသုတရအောင်ရည်ရွယ်ပြီး ပြန်လည်ဝေငှလိုက်တာပါ )

ခင်မင်စွာဖြင့် ( နိင် နိင် )

No comments:

Post a Comment